အိုးအိမ်မဲ့များကို မန်ယူကစားသမားများ ပိုင်ဆိုင်သည့် အဆောက်အဦတွင် နေထိုင်ခွင့်ပြု

1.3K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမားဟောင်းတွေ ပိုင်ဆိုင်တဲ့ အဆောက်အဦမှာ အိုးအိမ်မဲ့တွေကို ဆောင်းရာသီ နေထိုင်ခွင့်ပေးလိုက်ပါတယ်။
မန်ယူ ကစားသမားဟောင်း ရိုင်ယန် ဂစ်နဲ့ ဂယ်ရီနေဗီလ်းတို့ ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးမားတဲ့ ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်မယ့် မန်စီးတီးက စတော့ အိပ်ချိုင်း အဆောက်အဦမှာ လူ ၃၀ နီးပါး နေထိုင်နေတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ ၀က်စ်လေဟောကတော့ နေဗီလ်းနဲ့ ဖုန်းနဲ့စကားပြောဆိုရာမှာ အဆောက်အဦကို ပြင်ဆင်ရေးလုပ်ငန်းတွေ စမယ့် ဖေဖော်ဝါရီလမတိုင်ခင်အထိ နေခွင့်ပြုမယ်လို့ ပြောပါတယ်။
အဆောက်အဦကိုဆောက်လုပ်နေတဲ့သူတွေနဲ့ စကားပြောဆိုရာမှာ သူတို့က နေဗီလ်းနဲ့ တိုက်ရိုက်ပြောဖို့ ဖုန်းပေးလိုက်တာ ဖြစ်ပါတယ်။
အရင်သီတင်းပတ်က လစ်လပ်နေတဲ့ ရုံးကနေ ဒီအဖွဲ့က ရွှေ့ပြောင်းလာတာ ဖြစ်ပါတယ်။
အိုးမဲ့အိမ်မဲ့ ၀က်စ်လေဒပ်ဗ်ကတော့ လှပတဲ့အဆောက်အဦ ဖြစ်ပြီး ဆောင်းတွင်းအတွက် လုံခြုံပြီ ဖြစ်တယ်လို့ ပြောပါတယ်။
စတော့အိပ်ချိုင်းအဆောက်အဦကို ၃၅ ခန်းပါ ဟိုတယ်အဖြစ်ပြောင်းလဲဖို့ ဒီနှစ်အစောပိုင်းက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဂစ်နဲ့ နေဗီလ်းတို့က ငွေရင်းအနှီးမတည်နေတာ ဖြစ်ပါတယ်။
အဆောက်အဦကို ပေါင် ၁.၅ သန်းနဲ့ ၀ယ်ခဲ့တာ ဖြစ်ပါတယ်။