A d v e r t i s e m e n t With Us

၂၀၀၆ ဂျာမနီ ကမ္ဘာဖလား လာဘ်ပေးလာဘ်ယူ စောင့်ကြည်နေဟု တရားလိုများပြော

၂၀၀၆ ခုနှစ် ဂျာမနီကမ္ဘာဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် လာဘ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စောင့်ကြည့်စုံစမ်းနေတယ်လို့ ဂျာမနီတရားလိုတွေက ပြောပါတယ်။ ဂျာမနီ ဘောလုံးအဖွဲ့ချုပ် (ဒီအက်ဖ်ဘီ)က ပေါင် ၄.၉ သန်းသုံးပြီး ကမ္ဘာဖလား ကျင်းပခွင့်ရအောင် လုပ်ဆောင်တယ်လို့ ဂျာမနီသတင်းစာ ဒါစပိတ်ဂျယ်လ်က စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီအက်ဖ်ဘီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဖရန်ဖတ် တရားလိုရုံးက ပြောခွင့်ရကတော့ စုံစမ်းတာတွေလုပ်ဆောင်ဖို့ အတွက် အမှုမဖွင့်ရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေကို စတင်နေပြီလို့ဆိုပါတယ်။ အက်ဒီးဒက်စ် အကြီးအကဲဟောင်းက ချေးပေးတဲ့ငွေတွေကို အသုံးပြုပြီး လုပ်ဆောင်ခဲတာ ဖြစ်သလို နောက်ပိုင်းမှာ ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် လက်ရှိ ဒီအက်ဖ်ဘီနဲ့ ကမ္ဘာဖလား ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌတွေကလည်း ဒီငွေတွေနဲ့ ပတ်သက်ပြီး သတိထားမိတယ်လို့ သတင်းက ရေးပါတယ်။ ဒီလူ ၂ ဦးစလုံးက စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဖီဖာကလည်း ဒီစွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ၂၀၀၀ ခုနှစ်က ကမ္ဘာဖလား ကျင်းပခွင့်အတွက် မဲပေးခဲ့ရာမှာ ဂျာမနီက တောင်အာဖရိကကို အနည်းငယ် အသာစီးရပြီးကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပြင် ၂၀၁၈၊ ၂၀၂၂ ရုရှားနဲ့ ကာတာမှာ ကမ္ဘာဖလားကျင်းပခွင့်ပေးတာနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up