Saturday, June 10, 2023
HomeLead Storyလူပေါင်း ၅၂၀၀၀ ပါဝင်ခဲ့သည့် ထိုက်ကျိလေ့ကျင့်ခန်း ဂရင်းနစ်စံချိန်သစ်တင် (ရုပ်သံ)

လူပေါင်း ၅၂၀၀၀ ပါဝင်ခဲ့သည့် ထိုက်ကျိလေ့ကျင့်ခန်း ဂရင်းနစ်စံချိန်သစ်တင် (ရုပ်သံ)


တရုတ်နိုင်ငံ အလယ်ပိုင်းက ဟီနန် ပြည်နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်ရိုးရာ ထိုက်ကျိ ကျန်းမာရေး လေ့ကျင့်ခန်းမှာ လူပေါင်း ၅၂၀၀၀ ပါဝင်ခဲ့တဲ့အတွက် ဂရင်းနစ် စံချိန်သစ်အဖြစ် မှတ်တမ်း တင်နိုင်လိုက်ပါတယ်။

ဒီအစီအစဉ်ဟာ ကျန်းမာရေးအလေးထားတဲ့ ဘ၀ပုံစံကို မြှင့်တင်ဖို့နဲ့ ထိုက်ကျိ လေ့ကျင့်ခန်းကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်းဖို့အတွက် ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းနည်းပြ ချန် ဇန်လိုင်က ထိုက်ကျိ အားကစားဟာ တရုတ်ပြည်အတွက် ဂုဏ်ယူစရာ ဖြစ်ပြီး တကမ္ဘာလုံးကို ပြန့်သွားတာလည်း အနှစ် ၃၀ ရှိပြီလို့ ပြောပါတယ်။

ထိုက်ကျိ လေ့ကျင့်ခန်းဟာ ကိုယ်ကာယ ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေး အတွက်လည်း ကောင်းမွန်တဲ့အတွက် ငြိမ်းချမ်းရေး၊ ကျန်းမာရေးနဲ့ ရင်းနှီးမှုတွေအတွက် အထောက်အကူပြုတယ်လို့ အထွေထွေ အားကစားဌာနက အရာရှိ ဇန် ယူပင်းကလည်း ပြောပါတယ်။

ထိုက်ကျိ လေ့ကျင့်ခန်းကို လူအများ အာရုံစိုက်လာအောင် ပြုလုပ်တဲ့ ဒီအစီအစဉ်ကို ကမ္ဘာ့တ၀ှမ်း မြို့ပေါင်း ၆၀ မှာ အောက်တိုဘာလ ၁၈ ရက်နေ့မှာပဲ ပြုလုပ်ခဲ့ပြီး လူပေါင်း ၁ ဒသမ ၂ သန်း ပါဝင်ခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular