A d v e r t i s e m e n t With Us

တိုက်ဖွန်မုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင်မြောက်ပိုင်းတွင် ရေကြီးမြေပြို (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသမှာ အောက်တိုဘာလ ၁၈ ရက်နေ့က တိုက်ဖွန် မုန်တိုင်းဒဏ်ခံလိုက်ရပြီး ရေကြီး၊ မြေပြိုမှုတွေနဲ့ ကြုံနေရပါတယ်။ လူတသောင်းလောက်လည်း နေရာပြောင်းရွှေ့နေရတယ်လို့ နိုင်ငံအဆင့် သဘာဝကပ်ဘေး ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။ တိုက်ဖွန် မုန်တိုင်းဟာ အောရိုရာ ပြည်နယ်ထဲကို ၀င်ရောက်စဉ်မှာ အားပျော့သွားခဲ့ပြီး လူဇွန်ကျွန်း မြောက်ပိုင်းကို ဆက်လက်ရွေ့လျားခဲ့ ပါတယ်။ မုန်တိုင်းကြောင့် မိုးသည်ထန်ပြီး ရေကြီးခဲ့လို့၊ လမ်းတွေ ပျက်၊ တံတားတွေ ပြိုကာ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေလည်း ပျက်တောက်ခဲ့ပါတယ်။ လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၆ ထောင်လောက်ဟာ ဆိပ်ကမ်းတွေမှာ သောင်တင်နေခဲ့ကြပါတယ်။ မုန်တိုင်းဟာ လူဇွန်ကျွန်းမှာ ၃ ရက်ဆက်ရှိနေမှာဖြစ်ပြီး ဖိလစ်ပိုင် အနောက်မြောက် ဒေသမှာ နောက်မုန်တိုင်းတခု ဆက်ရှိနေတယ်လို့ မိုးလေ၀သဌာနက သတိပေးထား ပါတယ်။ ဖိလစ်ပိုင်ဟာ နှစ်စဉ်မုန်တိုင်း အကြိမ် ၂၀ လောက် ကြုံရလေ့ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up