A d v e r t i s e m e n t With Us

ဆွမ်ဆီး ၀- ၁ စတုတ် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ပရီးမီးယားလိဂ်က ၉ ပွဲမြောက် ပွဲစဉ်အဖြစ် ဆွမ်ဆီးစီးတီးနဲ့ စတုတ်စီးတီး အသင်းတို့ ကစားရာမှာ စတုတ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ပွဲအစ ၄ မိနစ်မှာပဲ စတုတ်က ပင်နယ်တီကနေ တဆင့် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ပထမပိုင်းတခုလုံးကို စတုတ်အသင်းက လွမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာ စတုတ်အသင်းက ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် ဒိုင်က လူကျွံဘော အဖြစ် သတ်မှတ်ထားလို့ ဂိုးမရခဲ့ပါဘူး။ ၅၈ မိနစ်မှာ ဆွမ်ဆီးအသင်းက ကန်သွင်းတဲ့ဘောလုံး တိုင်ထိပြီး ပြန်ထွက်လာတာက စတုတ်အသင်း အနိုင်ကို သေချာစေခဲ့ပါတယ်။ စတုတ်အသင်းမန်နေဂျာ မတ်ခ်ျဟုတ်ခ်ျကတော့ အစောကြီးဂိုးရသလို ပွဲကို ထိန်းချုပ်သွားနိုင်ပြီး စတုတ်ကတော့ အခွင့်အရေးကို မဖန်တီးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။ ဒီအတွက် စတုတ်အသင်းက ၃ ပွဲဆက်အနိုင်ရရှိသွားပြီး အမှတ်ပေးဇယား နံပါတ် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ ဆွမ်ဆီးကတော့ ဒီပွဲရှုံးလို့ အမှတ်ပေးဇယားက နံပါတ် ၁၄ နေရာကို ရောက်ရှိသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up