ဘတ် ၂၂ သန်း လောင်းကြေးဖြင့် စံချိန်တင်ခဲ့သည့် ထိုင်းကြက်တိုက်ပွဲ (ရုပ်သံ)

20.2K
ထိုင်းနိုင်ငံမှာ ကြက်တိုက်ပွဲကို တရားဝင်ရုံတွင်း ကျင်းပနေတာမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဆမွတ်ပရကန်ခရိုင် ဆမွတ်ပရကန်မြို့ ထွတ်ထိုင်းကြက်တိုက်ရုံမှာ ကျင်းပသွားတဲ့ လောင်းကြေးငွေ ပမာဏ ဘတ် ၂၂ သန်းကျော်ကတော့ ပမာဏနဲ့ လူအများဆုံးကြည့်တဲ့ပွဲအဖြစ် ကြက်တိုက်ပွဲသမိုင်းမှာ စံချိန်တင်သွားတယ်လို့ kapook.com ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်း ပရကျုတ်ခီရီခန်ခရိုင်က နိုင်းကျကဖတ် ဆိုသူရဲ့ ပင်ဖိတ်ခ်ျ အမည်ရှိ မြန်မာတိုက်ကြက်အမျိုးအစားနဲ့ ထိုင်းနိုင်ငံအရှေ့ပိုင်း အီဆန်ဒေသက နိုင်းဆီအာနန် ဆိုသူရဲ့ မနီးဒိုင်းဆိုတဲ့ စင်ကာပူကြက်အမျိုးအစားတို့ ၃ ကြိမ် တိုက်ကြရာမှာ နောက်ဆုံးပွဲစဉ်မှာတော့ မနီးဒိုင်း စင်ကာပူကြက်က ပင်ဖိတ်ခ်ျ မြန်မာကြက်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ - MThai