အီတလီ စီးရီးအေပွဲစဉ် ထိပ်ဆုံးမှ ဖီအိုရင်တီးနားအသင်း ရှုံးပွဲတွေ့ (ရုပ်သံဟိုက်လိုက်)

1.4K
အီတလီ စီးရီးအေပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ အမှတ်ပေးဇယားထိပ်က ဖီအိုရင်တီးနားတို့ အောက်တိုဘာ ၁၈ ရက်နေ့က ယှဉ်ပြိုင်ကြရာ နာပိုလီက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နာပိုလီအသင်းအတွက် ပွဲချိန် ၄၆ မိနစ်မှာ လိုရန်ဇို အင်ဆင်းဂ် (Lorenzo Insigne) နဲ့ ၇၅ မိနစ်မှာ ဂွန်ဇာလို ဟီဂူအင် (Gonzalo Higuain) တို့က သွင်းယူပေးခဲ့ပြီး ဖီအိုရင်တီးနားအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ၇၃ မိနစ်မှာ နစ်ကိုလာ ကာလီနစ် (Nikola Kalinic) က သွင်းယူပေးခဲ့တာပါ။
ဒီပွဲရှုံးပေမယ့် ဖီအိုရင်တီးနားအသင်းဟာ အမှတ်ပေးဇယား ထိပ်မှာပဲ ဆက်လက်ရပ်တည်နေပြီး နာပိုလီအသင်းကတော့ နံပါတ် ၄ နေရာကို ရောက်ရှိနေပါတယ်။