A d v e r t i s e m e n t With Us

အစုအဖွဲ့အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အစည်းအဝေး ကျင်းပ (ဓာတ်ပုံ)

အစုအဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ အစည်းအဝေးပွဲကို အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ Green Hill Hotel မှာ ကျင်းပပါတယ်။ အဲဒီအစည်းအဝေးပွဲကို အစိုးရ UPWC အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြတာပါ။ ဒီဆွေးနွေးပွဲကနေ အစုအဖွဲ့တခုစီက ကိုယ်စားလှယ် ၁၆ ဦးစီပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတရပ် ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ လတ်တလော အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ထဲက ကိုယ်စားလှယ်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှာ လောလောဆယ် တာဝန်ပေးထားပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း  

A d v e r t i s e m e n t With Us

More News
Up