A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတောမီးအတွင်းမှ ရှားပါးမျောက်ဝံအမကို ကယ်တင် (ရုပ်သံ)

အင်ဒိုနီးရှား တောမီးကနေ ရှားပါး မျောက်ဝံအမ တကောင်ကို အောက်တိုဘာ ၁၇ ရက်နေ့က ကယ်တင်ခဲ့ရပါတယ်။ အသက် ၃ နှစ်ကနေ ၄ နှစ်ကြားအရွယ် မျောက်ဝံအမတကောင်တည်း  မီးလောင်သွားတဲ့ ကြိုးဝိုင်းတောမှာ ယောင်ချာချာ ဖြစ်နေတာကို ကယ်တင်ခဲ့ရတယ်လို့ အင်ဒိုနီးရှား ကာလီမန်တန်ပြည်နယ် သဘာဝသယံဇာတ ထိန်းသိမ်းရေးဌာန အရာရှိ ယူဆွဖ် ထရီမန်တိုက ပြောပါတယ်။ အင်ဒိုနီးရှား အနောက်ပိုင်းမှာရှိတဲ့ ကာလီမန်တန်ကျွန်းနဲ့ ဆူမားတြားကျွန်းတို့ဟာ တောမီး ဆိုးဆိုးရွားရွား လောင်ကျွမ်းနေတဲ့ဒေသ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာမှာ မုတ်သုံသစ်တော အကျယ်အ၀န်း တတိယအကြီးဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး အခု ကယ်တင်လိုက်ရတဲ့ မျောက်ဝံမျိုးကလည်း အင်ဒိုနီးရှားနဲ့ မလေးရှားမှာပဲ တွေ့ရတဲ့ မျိုးစိတ် ဖြစ်ပါတယ်။ အင်ဒိုနီးရှား တောင်ယာ တောမီးဟာ ရက်သတ္တပတ်တွေနဲ့ချီ ကြာမြင့်နေပြီး အိမ်နီးချင်း စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းဘက်အထိ တောမီးဒဏ် ခံစားခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up