စပိန်လာလီဂါပွဲ ရီးရဲလ်ဆိုစီဒက် ၀ – ၂ အက်သလက်တီကို မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

2.7K
စပိန်လာလီဂါ ပွဲစဉ် ရီးရဲလ်ဆိုစီဒက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ အောက်တိုဘာ ၁၈ ရက်ညက ယှဉ်ပြိုင်ကစားရာ အက်သလက်တီကိုက အိမ်ရှင် ဆိုစီဒက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အက်သလက်တီကို မက်ဒရစ်အတွက် ဂိုးတွေကို ပွဲချိန် ၉ မိနစ်မှာ ဂရိဇ်မန်း (Antoine Griezmann) နဲ့ ပွဲပြီးခါနီး နာကျင်အချိန်မှာ ယန်နစ် ဖာရဲရာ ကာရတ်စ်ကို (Yannick Ferreira-Carrasco) တို့က သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ အိမ်ရှင် ဆိုစီဒက်အသင်း ကစားသမား ဒီယေဂို ရီရက်စ် (Diego Reyes) နဲ့ ဂျွန်နသာ့စ် (Jonathas) တို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဒီပွဲနိုင်လိုက်တာကြောင့် ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။