လူနဲ့ တိရစ္ဆာန်ကြားက ချစ်ခြင်းမေတ္တာ (ဓာတ်ပုံ)








4.6K
အမေရိကန်နိုင်ငံ၊ ဗာဂျင်ကျွန်းစုက ဇနီးမောင်နှံဟာ ဇစ်ဂီ အမည်ရတဲ့ ၀က်ကလေးကို ၀က်ပေါက်စကလေးအရွယ် ၂၀၁၀ ပြည့်နှစ်တည်းက မွေးစားခဲ့ကြပြီး သူတို့ကြားက သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာဟာ မယုံနိုင်လောက်အောင် ဆန်းကြယ်ပါတယ်။
ခုချိန်မှာတော့ ဇစ်ဂီဟာ ကိုယ်အလေးချိန် ပေါင် ၂၅၀ ရှိနေပြီး အရွယ်ရောက်နေပါပြီ။
ဇစ်ဂီရဲ့သခင်ဖြစ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်လုံးဟာ အလုပ်ထွက်ခဲ့ကြပြီး ၀က်ကလေးဇစ်ဂီနဲ့အတူ နိုင်ငံအနှံ့ ခရီးထွက်ခဲ့ကြပြီး ဇစ်ဂီအတွက် လေယာဉ်ပေါ် တင်ဆောင်စီးနင်းခ စရိတ် ပေါင် ၅၀၀၀ သုံးစွဲခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အခုဖော်ပြတဲ့ ပုံတွေကတော့ ၅ နှစ်တာ ကာလအတွင်း ၀က်ကလေးဇစ်ဂီနဲ့ ရိုက်ကူးထားတဲ့ မိသားစုဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ