A d v e r t i s e m e n t With Us

တိုက်စစ်မှူး ရော်နယ်ဒို ရီးရဲလ်အသင်း၏ ဂိုးသွင်းအများဆုံးသူအဖြစ် စံချိန်တင်

ဓာတ်ပုံ - ရိုက်တာ
တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသွင်း အများဆုံးသူအဖြစ် စံချိန်သစ် တင်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ လီဗန်တေးအသင်းကို အနိုင်ရတဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ပွဲစဉ်မှာ ၁ ဂိုး သွင်းယူပြီး ရီးရဲလ်အတွက် ဂိုးပေါင်း ၃၂၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို တင်နိုင်တာ ဖြစ်ပါတယ်။ အရင်က ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ် တင်ထားတဲ့ ဂိုးပေါင်း ၃၂၃ ဂိုးစံချိန်ကို ၁ ဂိုးအသာနဲ့ ဖြတ်ကျော်နိုင်တာပါ။ အသက် ၃၀ အရွယ် ရော်နယ်ဒိုဟာ ရီးရဲလ်မှာ ကစားတဲ့ ၇ ရာသီအတွင်း ပွဲပေါင်း ၃၁၀ မှာ ၃၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ တိုက်စစ်မှူးဟောင်း ရာအူးလ်ကတော့ ရီးရဲလ်မှာ ကစားတဲ့ ၁၆ ရာသီအတွင်း ပွဲပေါင်း ၇၄၁ ပွဲမှာ ၃၂၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူးဟာ ခြေစွမ်းပြ ကစားနေနိုင်သေးတဲ့အတွက် ရီးရဲလ်အသင်းမှာ သူ့ရဲ့ ဂိုးသွင်းစံချိန်ကို တခြား ကစားသမားတယောက်က လိုက်မီနိုင်ဖို့ မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူ့ရဲ့ လက်ရှိ သွင်းဂိုးတွေဟာ လာလီဂါမှာ ၂၃၁ ဂိုး၊ ချန်ပီယံလိဂ်မှာ ၆၇ ဂိုး၊ စပိန်ဘုရင့်ဖလားမှာ ၂၁ ဂိုး၊ စပိန်စူပါဖလားမှာ ၃ ဂိုးနဲ့ ဥရောပ စူပါဖလားမှာ ၂ ဂိုးစီ အသီးသီး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up