A d v e r t i s e m e n t With Us

စွန့်ပစ် သစ်တိုသစ်စများဖြင့် ထုတ်လုပ်သည့် လက်ပတ်နာရီ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့က စွန့်ပစ် သစ်တိုသစ်စတွေကနေ လက်ပတ်နာရီ ထုတ်လုပ်တဲ့ နာရီကုမ္ပဏီတခုဟာ အောင်မြင်မှု ရရှိနေပါတယ်။ ကုမ္ပဏီနာမည်ကို နိုင်ငံအရှေ့ပိုင်း ပါပူအာပြည်နယ်မှာ ပေါက်ရောက်တဲ့ “မာတွာ” ဆိုတဲ့ သစ်ပင်အမည်ကို ပေးထားပါတယ်။ သစ်ပင်ကြီးတွေ ခုတ်လှဲတဲ့အခါ ထွက်လာတဲ့ သစ်တိုသစ်စတွေကို နာရီ ထုတ်လုပ်တဲ့အခါ အများဆုံး အသုံးပြုတယ်လို့ ကုမ္ပဏီရဲ့ ဈေးကွက်မန်နေဂျာက ပြောပါတယ်။ လက်မှုပညာရှင် ၂၅ ဦးနဲ့ တရက်ကို နာရီ ၂၅ လုံး ထုတ်လုပ်နိုင်ပြီး နာရီတလုံးကို  အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာကနေ ၁၂၀ ဒေါ်လာအထိ ရရှိပါတယ်။ လူဦးရေ သန်း ၂၅၀ ရှိတဲ့ အင်ဒိုနီးရှားမှာ လူဦးရေ တ၀က်လောက်ဟာ တရက်ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာတောင် မရတာကြောင့် ဒီနာရီတွေရဲ့ဈေးဟာ ကြီးတယ်လို့ ဆိုရပေမယ့် နာရီကို ကြိုက်နှစ်သက်ပြီး အားပေးတဲ့ ပရိသတ် ရှိတယ်လို့ ဆိုပါတယ်။ နာရီဝါသနာရှင်တဦးက “နာရီအများစုဟာ သတ္တုနဲ့ထုတ်လုပ်တာကြောင့် အခုလို စွန့်ပစ် သစ်တိုသစ်စနဲ့ နာရီထုတ်လုပ်တာကိုက တမူထူးခြားတယ်။ ပြီးတော့ အလွန်ပေါ့ပါးတယ်” လို့ ပြောပါတယ်။ လောလောဆယ် နာရီဒီဇိုင်း ၅ မျိုး ထုတ်လုပ်နေပြီး အင်ဒိုနီးရှားကျွန်း ၅ ကျွန်းရဲ့အမည်တွေ ပေးထားပါတယ်။ အဲဒီနာရီတွေကို နိုင်ငံအနည်းဆုံး ၉ နိုင်ငံကို တင်ပို့ရောင်းချနေပြီး စင်ကာပူ၊ တရုတ်၊ ဂျပန်၊ တောင်အာဖရိက၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up