A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် တာချီလိတ်နှင့် ကျိုင်းတုံတွင် လူထုဟောပြောပွဲ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်အရှေ့ပိုင်း စည်းရုံးရေး ခရီးစဉ်အဖြစ် အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၇ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ လေယာဉ်နဲ့ တာချီလိတ်မြို့ကို ထွက်ခွာမှာဖြစ်ပြီး နေ့လယ် ၃ နာရီမှာ တာချီလိတ်မြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကွင်းမှာ လူထုဟောပြောပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် တာချီလိတ်မြို့မှာ ညအိပ်မှာပါ။ အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ တာချီလိတ်ကနေ ကျိုင်းတုံမြို့ကို သွားရောက်မှာဖြစ်ပြီး ကျိုင်းတုံမြို့မှာ လူထုဟောပြောပွဲ ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up