နယူးကာဆယ်အသင်းရဲ့ ပထမဆုံး အနိုင်ပွဲ (ရုပ်သံဟိုက်လိုက်)

3.2K
တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်က နော်ဝစ်ကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
နယူးကာဆယ်ဟာ ဒီနှစ်ရာသီထဲမှာ ရလဒ်တွေ ဆိုးဝါးနေပြီး အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေတာပါ။ ဒီပွဲနိုင်လို့ နည်းပြ မက္ကလာရင်ရဲ့ ဖိအားတွေကနေ သက်သာရာ ရသွားပါတယ်။
နယူးကာဆယ်အတွက် အနိုင်ဂိုးတွေကို ကွင်းလယ်သမား ၀ီနယ်ဒန် တယောက်တည်းက ၄ ဂိုး၊ ပီရက်ဇ်နဲ့ မီထရိုဗစ်တို့က ၁ ဂိုးစီ သွင်းယူပါတယ်။ ဒီပွဲမှာ ကွင်းလယ်သမား ၀ီနယ်ဒန် အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
နယူးကာဆယ်အတွက်တော့ ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ ပထမဆုံး နိုင်ပွဲ စရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လို့ နယူးကာဆယ်က ၆ မှတ်နဲ့ အဆင့် ၁၈ နေရာကို တက်လှမ်းသွားပါတယ်။