ကမ္ဘာ့ခြေဖနောင့် အရှည်ဆုံးလူသား ဂင်းနစ်ကမ္ဘာ့စံချိန်တင်

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဗင်နီဇွဲလားနိုင်ငံသား ဂျေဆန်ရိုဒရီးဂက်စ်ဟာ ကမ္ဘာ့ခြေဖနောင့်အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားပြီလို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ သူ့ရဲ့ညာဘက်ခြေဖနောင့်ဟာ အံ့အားသင့်ဖွယ် ၄၀ ဒဿမ ၁ စင်တီမီတာရှည် ပြီး ဘယ်ဘက်ခြေဖနောင့်ကတော့ ၃၉ ဒသမ ၆ စင်တီမီတာရှည်ပါတယ်။ သူ့အသက် ၁၀ နှစ်မတိုင်ခင်ထိ သူ့ခြေဖနောင့်တွေဟာပုံမှန်ပဲဖြစ်ခဲ့ပြီး ၁၄ နှစ်အရွယ်မှာတော့ သာမန်ဖိနပ်တွေဟာ သူနဲ့မတော်တော့တဲ့အတွက် ဆိုင်က အထူးချုပ်ဖိနပ်တွေကို မှာယူဝတ်ဆင်ခဲ့ရပြီး အချိန်တော်တော်တော်များများမှာတော့ ခြေဗလာနဲ့ ရိုးရှင်းစွာ နေလေ့ရှိတယ်လို့ သတင်းက ဆိုပါတယ်။ ခုချိန်မှာတော့ ဂျေဆန်ရိုဒရီးဂက်စ်ဟာ ကြီးထွားဟော်မုန်းထုတ်လွှတ်မှုဒဏ်ကို ခံနေရပြီး သာမန်လူတွေထက် ပိုမိုကြီးထွားလာနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up