ပုဇွန်တောင် မဟာညောင်ကုန်းဘုန်းကြီးကျောင်း မီးလောင် (ရုပ်သံ)
DVB
·
October 19, 2015
အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၅၅ မိနစ်အချိန်က ပုဇွန်တောင်မြို့နယ် ၂ ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ မဟာညောင်ကုန်းဘုန်းကြီးကျောင်းမှာ ခြင်ဆေးခွေထွန်းထားရာမှတဆင့် စာရွက် ဂျာနယ်များကို မီးကူးပြီးလောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်မှုကြောင့် နှစ်ထပ်တိုက်ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းပြီး နံနက် ၃ နာရီ ၁၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ရုပ်သံ - ကောင်းထက်ကျော်