စပိန်လာလီဂါ ရီးရဲလ် ၃-၀ လီဗန်တေး (ရုပ်သံဟိုက်လိုက်)

1.2K
အောက်တိုဘာ ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က လီဗန်တေးကို ၃ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။
ရီးရဲလ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပထမဂိုးကို ၂၉ မိနစ်မှာ မာဆယ်လိုနဲ့ ရော်နယ်ဒို အပြန်အလှန်အပေးယူလုပ်ပြီး မာဆယ်လိုက ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယဂိုးကိုတော့ ပထမဂိုးသွင်းယူပြီး ၁ မိနစ်အကြာမှာပဲ လီဗန်တေး နောက်ခံလူတွေ အပေးယူလုပ်ရာကနေ ဂျရက်ဘေးလ်ရရှိသွားပြီး ထိုးပေးလိုက်တဲ့ဘောလုံးကို ရော်နယ်ဒိုက ဂိုးဧရိယာအစပ်ကနေ ဂိုးသမားရဲ့ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။
နောက်ဆုံးပိတ်ဂိုးကိုတော့ ဂျက်စီက ၈၁ မိနစ်မှာ လီဗန်တေး နောက်ခံလူကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲအနိုင်ကြောင့် ၈ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး လီဗန်တေးကတော့ ၈ ပွဲကစား ရမှတ် ၆ မှတ်နဲ့ ဇယားအောက်ဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။