A d v e r t i s e m e n t With Us

မူပိုင်ခွင့် ချိုးဖောက်မှုကြောင့် Apple ကုမ္ပဏီ ဒေါ်လာ ၂၃၄ သန်း ပေးရမည်

Apple နည်းပညာကုမ္ပဏီကို မူပိုင်ခွင့် ချိုးဖောက်မှုနဲ့  အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ဒဏ်ကြေးဆောင်ဖို့ အမေရိကန်တရားရုံးတရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ တက္ကသိုလ်၊ ကျောင်းသားဟောင်းများ သုတေသန ဖောင်ဒေးရှင်းရဲ့ နည်းပညာကို ခွင့်ပြုချက်မတောင်းပဲနဲ့  အသုံးပြုတာကြောင့် ဒဏ်ကြေးပေးဖို့ အမိန်ချလိုက်တာပါ။ Apple ကတော့ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောဆိုပြီး အသေးစိတ်တော့ ပြောဆိုခြင်းမရှိပါဘူး။ ၂၀၀၈ ခုနှစ်ကလည်း ဒီ တက္ကသိုလ်က အင်တလ် processor ထုတ်လုပ်ရေးကုမ္ပဏီကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အခုလိုပဲ တရားစွဲဆိုဖြေရှင်းခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up