A d v e r t i s e m e n t With Us

အီဗရာမိုဗစ်ကို ထုတ်ပယ်ပြီး ယူ ၂၀ နည်းပြနှင့် အစားထိုး

ဂတ်စ်ဆီဇီ
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒီ အီဗရာမိုဗစ်ကို ထုတ်ပယ်လိုက်ပြီး လက်ရှိ မြန်မာယူ၂၀အသင်းနည်းပြ ဖရိုင်းဒရစ် ဂတ်စ်ဆီဇီနဲ့ အစားထိုးလိုက်ပါတယ်။ ဂျာမန် နည်းပြဟာ  မြန်မာလူငယ်အသင်းကို ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအသင်းကို ဂတ်ဇီစီ နဲ့ အတူ မြန်မာ့လက်ရွေးစင် ဟောင်းနဲ့  ယူ၂၀ ရဲ့ လက်ထောက်နည်းပြ ဦးကြည်လွင်တို့ ပူးတွဲပြီး ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ မိုဗစ်ခ်ျဟာ  မြန်မာလက်ရွေးစင်အသင်းကို ၂၀၁၄ နှစ်ဆန်းပိုင်းမှာ စတင်ကိုင်တွယ်ခဲ့ပြိး ပွဲပေါင်း ၂၂ ကြီးကြပ်ခဲ့ရာမှာ  နိုင်ပွဲ (၇) ပွဲ၊ သရေ (၄) ပွဲ၊ ရှုံးပွဲ (၁၁) ပွဲ ထွက်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့  ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up