မူးယစ်ဆေးသံသယရှိ ခရီးသည်ကို ရဲစခန်းပို့သည့် တက္ကစီသမား (ရုပ်သံ)

2.2K
တရုတ်နိုင်ငံ၊ ချောင်ကျင်းပြည်နယ်မှာ အငှားယာဉ်မောင်းသတင်းပေးမှုနဲ့ မူးယစ်ဆေးဝါးသံသယရှိသူတဦးကို ရဲတွေက ဖမ်းမိ ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၄ ရက်နေ့ အစောပိုင်းက သူ့ကားကိုငှားစီးတဲ့ ခရီးသည်ဟာ မူးယစ်ဆေးဝါးသံသယရှိသူလို့ ယူဆပြီး နီးစပ်တဲ့ ရဲစခန်းတခုဆီ မောင်းပို့ခဲ့တာပါ။
အနီးကပ်စောင့်ကြည့်ဗွီဒီယိုဖိုင်မှာ အဲဒီခရီးသည်ဟာ သူ့အိတ်ကိုကားထဲမှာ ထားခဲ့ပြီး ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာကို တွေ့နိုင်ပါတယ်။
နောက်ပိုင်းမှာတော့ အငှားယာဉ်မောင်းနဲ့ ရဲတွေက သူ့ကိုဖမ်းမိခဲ့ပြီး သူ့အိတ်ထဲမှာ မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်နဲ့ ဓားတွေကို တွေ့ခဲ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။