Home
မြန်မာသတင်း
ဘန်ကောက် မြန်မာသံရုံး ကြိုတင်မဲပေးသူ နည်းပါး
DVB
·
October 18, 2015
ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာ  ကြိုတင်မဲပေးသူ ဦးရေ နည်းပါးတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ကစလို့ တောင်ကိုရီးယားနဲ့ စင်ကာပူမှာ ကြိုတင်မဲပေးတာတွေကို စတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ ကြိုတင်မဲပေးဖို့ စာရင်းပေးထားတဲ့ ပြည်ပရောက်မြန်မာ ၃ သောင်း ၀န်းရှိပဲ ရှိပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးနဲ့  မြောက်ပိုင်းက  ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှာ  မြန်မာတချို့ မဲပေးဖို့ သွားခဲ့ကြပါတယ်။ ထိုင်းမှာ မြန်မာအလုပ်သမား ၂ သန်းဝန်းကျင် ရှိပေမယ့် မဲပေးဖို့ စာရင်းပေးထားသူ ၅၆၁ ဦးပဲ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီတပတ် အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ မဲစာရင်း သေချာပေးထားပေမယ့် မဲစာရင်းမှာ နာမည်မပါတဲ့ ပြဿ      နာတွေနဲ့ တော်တော်များများ ကြုံရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024