A d v e r t i s e m e n t With Us

ပဲခူးတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလူငယ်အဖွဲ့ ရုံးခန်းဖွင့်

ဘာသာပေါင်းစုံပူးပေါင်းပြီး ပရဟိတ လုပ်နေတဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးလူငယ်အဖွဲ့ရဲ့ ရုံးခန်းကို အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ပဲခူးမြို့၊ ကျွန်းသာယာ ရပ်ကွက်မှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒီပွဲကို အောင်ဇေယျာ ဆရာတော်၊ သီရိစန္ဒာရုံဆရာတော်နဲ့ မြို့ပေါ်ကျောင်းတိုက် ၂၀ ကျော်က ဆရာတော်တွေ တက်ရောက်ခဲ့ပါတယ်။ ခရစ်ယာန်ဘာသာက သိက္ခာတော်ရ ဆရာတော်ကြီး ဂျော့ချစ်သောင်းနဲ့ ဆရာဂျော့ရှုးဝါးချစ်၊ ဟိန္ဒူဘာသာက ဆရာသန်းဝင်းနဲ့ ဟိန္ဒူလူငယ်များအဖွဲ့၊ အစ္စလာမ်ဘာသာက မြို့ပေါ်ဗလီရှေ့ဆောင် ဆရာတွေလည်း တက်ရောက်ပြီး ပရိသတ် ၃၀၀ လောက် တက်ရောက်ကြတာပါ။ လူငယ်တွေ ပူးပေါင်းပြီး ပရဟိတတွေ လုပ်လာတာ ၂ နှစ်လောက် ရှိခဲ့ပြီဖြစ်ပေမယ့် အခုမှ ရုံးခန်းကို ဖွင့်နိုင်ခဲ့တာပါ။ “အဓိက ကတော့ လူမျိုးရေးဘာသာရေးပြဿ  နာမဖြစ်အောင်၊ မုန်းတီးမှုတွေမဖြစ်အောင်၊ ထိန်းကြမယ်။ ပရဟိတ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်အောင်လုပ်မယ်။ လက်ရှိမှာ လူငယ် အင်အား ၁၀၀ လောက်ပါ ပါတယ်” လို့ လူငယ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအေးမင်းဦးက ပြောပါတယ်။ ဓာတ်ပုံ-ဂျမား  

A d v e r t i s e m e n t With Us

More News
Up