နိုင်ပွဲပြန်တွေ့သွားသည့် လက်ရှိချန်ပီယံ ချဲလ်ဆီး ၂-၀ ဗီလာ (ရုပ်သံဟိုက်လိုက်)

1.4K
အောက်တိုဘာ ၁၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက အဲစတွန်ဗီလာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပရီးမီးယားလိဂ်မှာ ရလဒ်မကောင်းတာကြောင့် ဖိအားတွေများနေတဲ့ နည်းပြ မော်ရင်ဟိုနဲ့ ကစားသမားတွေအတွက် ဒီပွဲအနိုင်ကြောင့် စိတ်သက်သာ ရစေခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကို ဒီယေဂို ကော်စတာက ၃၄ မိနစ်မှာ ၁ ဂိုးနဲ့ အလန်ဟတ်တွန်က ၅၄ မိနစ်မှာ ၁ ဂိုးသွင်းယူခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ဒီပွဲအနိုင်ရရှိလိုက်တာကြောင့် ပရီးမီးယားလိဂ်ဇယား နံပါတ် အဆင့် ၁၆ ကနေ ၁၁ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာကတော့ ဇယားအောက်ဆုံး နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။