Wednesday, May 31, 2023
HomeLead Storyပရီးမီးယားလိဂ် မန်စီးတီး ၅-၁ ဘုန်းမောက် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် မန်စီးတီး ၅-၁ ဘုန်းမောက် (ရုပ်သံဟိုက်လိုက်)


အောက်တိုဘာ ၁၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို စတာလင် တဦးတည်းက ၇၊ ၂၉ နဲ့ ၄၆ မိနစ်တွေမှာ ၃ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဘိုနီက ၁၁ နဲ့ ၈၉ မိနစ်တွေမှာ ၂ ဂိုးသွင်းယူခဲ့တာပါ။

ဘုန်းမောက်အသင်းအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၂၂ မိနစ်မှာ မာရေးက သွင်းယူခဲ့တာပါ။

မန်စီးတီးအသင်ဟာ ဒီပွဲအနိုင်ကြောင့် ရမှတ် ၂၁ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပြီး ဘုန်းမောက်အသင်းကတော့ ဒီပွဲအရှုံးကြောင့် အဆင့် ၁၅ ကနေ ၁၇ ကို ဆင်းပေးလိုက်ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular