အဲဗာတန် ၀-၃ မန်ယူ၊ စပါး ၀-၀ လီဗာပူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ မန်ယူအသင်းက အဲဗာတန်ရဲ့အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရရှိသွားပြီး စပါးနဲ့လီဗာပူးအသင်း ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျသွားပါတယ်။ မန်ယူအသင်းက အဝေးကွင်းဆိုပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာယူပြီး အဲဗာတန်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ မန်ယူအသင်းအတွက် ဂိုးတွေကိုတော့ ၁၈ မိနစ်၊ ၂၂ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ ရှနိုက်ဒါလင်၊ အန်ဒါဟာရဲရားနဲ့ ၀ိန်းရွန်နီတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။ အဲဗာတန်အသင်းကလည်း ဂိုးသွင်းခွင့်အချို့ ရရှိခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာက အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ချေပဂိုးမရရှိခဲ့တာပါ။ မန်ယူအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့ပေမယ့် တဖက် အမှတ်ပေးဇယား ၂ မှာ ရှိနေတဲ့ အာဆင်နယ်အသင်းကလည်း အနိုင်ရရှိခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပါတယ်။ အမှတ်ပေးဇယား ၇ မှာ ရှိနေတဲ့ အဲဗာတန်အသင်းကတော့ ဒီပွဲအရှုံးကြောင့် အဆင့် ၉ ကို ရောက်ရှိသွားပါတယ်။ တဖက် စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ကတော့ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေကျသွားပါတယ်။ စပါးအသင်းက အမှတ်ပေးဇယား အဆင့် ၇ မှာ ရပ်တည်နေပြီး လီဗာပူးအသင်းကတော့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up