ပဲရစ်မြို့ အမျိုးသမီးများ၏ ဒေါက်ဖိနပ်စီး အပြေးပြိုင်ပွဲ (ရုပ်သံ)

1.5K
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အမျိုးသမီး ၁၀၀ နီးပါးက ပျော်ပွဲရွှင်ပွဲအနေနဲ့ ဒေါက်ဖိနပ်စီးပြီး အပြေး ပြိုင်ခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ် ဆာရန်ဇာ ဒေါက်မြင့်ဖိနပ် အပြေးပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အဖွဲ့ ၈ဖွဲ့ခွဲ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတွေ စီးတဲ့ ဒေါက်ဖိနပ်ဟာ ၈ စင်တီမီတာ ကျော်မြင်ပါတယ်။
ပထမဆုရတဲ့သူကို ဆာရန်ဇာက ၁၀ နှစ်တာ ဖိနပ်ပံ့ပိုးပေးသွားမှာလည်း ဖြစ်ပါတယ်။
၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆာရန်ဇာက ပြိုင်ပွဲကို လုပ်ဆောင်တာ ဖြစ်ပြီး ပြိုင်ပွဲဝင်ဖို့ အတွက် လူ ၂၂၀၀၀ ကျော်လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။