A d v e r t i s e m e n t With Us

ရွေးကောက်ပွဲဝင်ရန် လက်ဝှေ့အကျော်အမော် ပက်ကွီရို ကော်မရှင်ထံ စာရင်းပေး

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် မန်နီ ပက်ကွီရိုဟာ လာမယ့် ၂၀၁၆ ပါလီမန်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အောက်တိုဘာ ၁၆ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်မှာ လာရောက်စာရင်းပေးခဲ့ပါတယ်။ ပက်ကွီရိုဟာ ဖိလစ်ပိုင်လူလတ်တန်းစားအကြား အထူးလေးစားခံရပြီး ဖိလစ်ပိုင်ပြည်သူတွေအကြား လူသိများ၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ လာမယ့်နှစ် မေလမှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲမှာ အရွေးချယ်ခံရရင် နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားအားထုတ်မယ်လို့ အမည်စာရင်းသွင်းအပြီး သတင်းထောက်တွေကို ပြောဆိုပါတယ်။ ပက်ကွီရိုဟာ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး ဘယ်ပါတီ၊ ဘယ်ညွန့်ပေါင်းအဖွဲ့မှာ ၀င်ရောက်မယ်ဆိုတာတော့ မပြောဆိုပါဘူး။ ဖိလစ်ပိုင်နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံရေးမှာ သြဇာအရှိန်အ၀ါကြီးမားတဲ့သူတွေ၊ နာမည်ကျော် အနုပညာရှင်တွေနဲ့ အားကစားသမားတွေကပဲ ကြီးစိုးနေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါတယ်။ နိုင်ငံရေး သုံးသပ်သူတွေကတော့ ပက်ကွီရိုဟာ သူ့ရဲ့နိုင်ငံရေးမူဝါဒတွေကြောင့် မဟုတ်ပဲ၊ သူ့ရဲ့ ထင်ရှားရေပန်းစားမှုနဲ့ ရွေးကောက်ပွဲအနိုင်ရဖို့ များတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up