A d v e r t i s e m e n t With Us

ဂျူးဘာသာရေး အထွတ်အမြတ်နေရာကို ပါလက်စတိုင်း မီးရှို့ဖျက်ဆီး (ရုပ်သံ)

အောက်တိုဘာ ၁၆ ရက်က ပါလက်စတိုင်း ဆန္ဒပြတဲ့သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ ၂ ပတ်ကျော်ကြာ အကြမ်းဖက်မှုတွေအပြီး တင်းမာမှုတွေ ရှိနေသလို အစ္စလာမ္မစ် အုပ်စု ဟားမတ်စ်ကတော့ ကလဲစားပြန်ချေမယ့်တနေ့ အဖြစ် ကြေညာခဲ့ပါတယ်။ ဆန္ဒပြသူတွေက အရာဝတ္ထုတချို့နဲ့ အစ္စရေး တပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့သလို လမ်းမပေါ်က တာရာတွေ မီးလောင်ကျွမ်းတဲ့အတွက် မဲမှောင်တဲ့ မီးခိုးတွေကလည်း ပတ်ဝန်းကျင်မှာ ဖုံးအုပ်ထားပါတယ်။ အောက်တိုဘာ ၁၆ ရက်မနက်ပိုင်းက အနောက်ဘက်ကမ်းရိုးတန်း နာဘလပ်စ်မြို့ရှိ ဂျူးလူမျိုးတွေရဲ့ ဘာသာရေး အထွတ်အမြတ်ထားရာ နေရာတခုကို ပါလက်စတိုင်းတွေက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒီလူတွေကို ပါလက်စတိုင်းတပ်ဖွဲ့တွေက အတင်းအကြပ် ဒီနေရာကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။ ပါလက်စတိုင်း ၀န်ကြီးချုပ်ကလည်း တိုက်ခိုက်မှုကို ဆန့်ကျင်ခဲ့ပါတယ်။ အပျက်အစီးတွေကို ပြုပြင်ပေးဖို့နဲ့ မီးရှို့တဲ့သူတွေကို စုံစမ်းဖို့လည်း အမိန့်ပေးခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က တိုက်ခိုက်မှုတွေရပ်ဖို့ ပါလက်စတိုင်းခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပြီး နာရီပိုင်းအကြာမှာ ခုလို မီးရှို့ခံရတာဖြစ်ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ခုလထဲမှာ နေ့စဉ်လိုလို အပြန်အလှန်တိုက်ခိုက်မှုတွေ တိုးလာနေတာဖြစ်ပြီး ပါလက်စတိုင်းတွေဘက်က အနည်းဆုံး ၃၀ လောက်သေဆုံးပြီး အစ္စရေး ၇ ဦး အသတ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up