အမေရိကန်တွင် ရေကြီးမှုကြောင့် ကား ၂၀၀ ခန့် ရွှံ့နွံများဖြင့် နစ်မြုပ် (ရုပ်သံ)

အောက်တိုဘာ ၁၅ ရက် အမေရိကန် ပြည်ထောင်စု လော့အိန်ဂျယ်လိစ်မှာ မိုးသည်းထန်မှုကြောင့် ရေကြီးပြီး မြေအနယ်အနှစ်တွေကြောင့် အဓိက ကားလမ်းမကြီးတွေ ပိတ်ခဲ့ရသလို ကားတွေလည်း ရွံ့နွံတွေ နစ်မြုပ်ခဲ့ပါတယ်။ လော့အိန်ဂျယ်လိစ် အနောက်မြောက်ပိုင်းနဲ့ ဗင်တူရာ စီရင်စု အရှေ့မြောက်ပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်သလို ကားသမားတွေအနေနဲ့ ဒီနေရာကို ရှောင်ဖို့ အမျိုးသား မိုးလေ၀သ ၀န်ဆောင်မှုက သတိပေးထားပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာတော့ ရွှံ့နွံတွေအောက် ရောက်သွားတဲ့ ကားတွေကို ပြန်လည် ဆယ်ထုတ်ဖို့ လုပ်ေဆာင်ခဲ့ပါတယ်။ လော့စ်အိန်ဂျယ်လိစ် မြောက်ပိုင်း မိုင် ၆၀ အကွာက လမ်းမကြီးပေါ်မှာ ကား ၂၀၀ လောက် ရွှံ့နွံတွေအောက် ရောက်သွားခဲ့ပါတယ်။ ဒီအထဲမှာ ထရပ်ကား ၇၅ ကားနီးပါးရှိပြီး ၅ ပေအထိ ရွှံ့နွံတွေ နစ်မြုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေက သောင်တင်နေတဲ့ ကား ၃၀၀ လောက်ကို ခိုလှုံရာနေရာကို ပို့ဆောင်ခဲ့ပေမယ့်လည်း တချို့ ယာဉ်တွေက ဆက်လက်ပိတ်မိနေဆဲ ဖြစ်ပါတယ်။ တချို့ ကားဆရာတွေက ယာဉ်ပေါ်မှာပဲ ညအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေကလည်း မိုးကြီးလို့ ရွှံ့နွံအောက် နစ်မြုပ်သွားတဲ့ ကားလမ်း အစိတ်အပိုင်း တချို့ကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ လမ်းအားလုံးကို ရှင်းလင်းဖို့ကတော့ ရက်အတော်ကြာဦးမယ်လို့ ဆိုပါတယ်။ မိုးသည်းထန်တဲ့ အတွက် ဂရိတ်ဝင်း တောင်တန်းပေါ်က ရွှံ့နွံတန်ချိန်များစွာက လမ်းပေါ်ကို စီးဆင်းလာပြီး လမ်းတွေ ပိတ်မိခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up