A d v e r t i s e m e n t With Us

အဲဗာတန်အသင်းကို ၀ယ်ယူရန် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ ကြိုးစား

အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ် စပို့တင်း ကန်ဆတ် အသင်းနဲ့ ဆက်စပ်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေက အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အဲဗာတန်အသင်းကို ၀ယ်ယူဖို့ ကြိုးစားနေပါတယ်။ အဲဗာတန်အသင်း ပိုင်ရှင်တွေ တောင်းဆိုထားတဲ့ ဈေးနှုန်းကတော့ ပေါင် ၂၂၅ သန်းဖြစ်ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ ပေးတဲ့ ဈေးနဲ့ ကိုက်မကိုက် မသိရဘူးလို့ ဆိုပါတယ်။ ကန်ဆတ်အသင်းနဲ့ သဘောတူညီမှုတွေ ရသွားနိုင်တယ်လို့လည်း သတင်းက ဆိုသလို ကန်ဆတ် အသင်းကိုယ်စားလှယ်ကလည်း အဲဗာတန် ပရိသတ်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး လူမှုရေးကွန်ရက် တွစ်တာမှာ အဲဗာတန်အသင်းကို သွားရောက်လည်ပတ်တဲ့ ပုံတွေ တင်ထားပါတယ်။ သူရဲ့ ဓာတ်ပုံတွေကို စပို့တင်း ကန်ဆတ် အသင်းက အမှုဆောင် အရာရှိက ထပ်မံ ဖြန့်ဝေထားပြီး သဘောတူညီချက်က ဆွေးနွေးနေတယ်လို့ ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒီသတင်းအပေါ် အဲဗာတန် အသင်းကတော့ တစုံတရာ မှတ်ချက်ပေးခြင်းမရှိခဲ့ဘူးလို့ သတင်းတွေမှာ ရေးပါတယ်။ အဲဗာတန် ဥက္ကဋ္ဌ ဘေလ်းကန်ဝှိုက်ကလည်း ကလပ်အသင်းဟာ ရောင်းချဖို့ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေပေမယ့် ၀ယ်သူကို မဆွဲဆောင်နိုင်ဘူးလို့ လူသိရှင်ကြား ၀န်ခံထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up