အမေရိကန်တွင် သဲမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

3.8K
အမေရိကန်ပြည်ထောင်စု အရီဇိုးနား ဖိုးနစ်မှာ သဲမုန်တိုင်း တိုက်ခတ်တာကို ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ရိုက်တာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဒီရုပ်သံဖိုင်မှာ အောက်တိုဘာ ၁၆ ရက်နေ့က သဲမုန်တိုင်း တိုက်ခတ်တဲ့အခြေအနေကို အဝေးကနေ ရိုက်ကူးထားတာ ဖြစ်ပြီး ၁ နာရီကို ၆၄ မိုင်နဲ့ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မိုးလေ၀သပညာရှင်တွေကတော့ သဲမုန်တိုင်းဟာ အမြင့်ပေ ၅၀၀၀ အထိ ရောက်နိုင်တယ်လို့ ပြောပါတယ်။
မိုးသည်းထန်နိုင်ပြီး လျှပ်တပြတ် ရေကြီးမှု သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။