A d v e r t i s e m e n t With Us

လျှို့ဝှက်ချက်များ ဖွင့်ဟမည်ဟုဆိုသည့် ရော်နယ်ဒိုနှင့်ဘရာဇီးလ်မော်ဒယ် (ရုပ်သံ)

ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ခရစ်တီယာနို ရော်နယ်ဒိုကတော့ ဘောလုံးကွင်းထဲမှာ မာန်ပါတဲ့စတိုင်နဲ့ လူသိများပေမယ့် ပြင်ပမှာတော့ ရှုပ်ထွေးတဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားပါတယ်။ ရော်နယ်ဒိုအကြောင်း သိချင်တဲ့ သူတွေအတွက် အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်မှာတော့ သူ့မှာ လျှို့ဝှက်ချက်တခု ရှိနေတယ်လို့ ပြောပါတယ်။ ဓာတ်ပုံရိုက်ပြီး ရိုက်ယူထားတာ ဖြစ်တဲ့ ဒီရုပ်သံဖိုင်မှာ ဘရာဇီးမော်လ်ဒယ် အက်လက်ဇန်ဒရာ အန်ဘရော်စီယားနဲ့ အတူရိုက်ကူးထားတာက အခြေအနေကို မချင့်မရဲ ဖြစ်သွားစေပါတယ်။ "ထူးကဲ့တဲ့ အလုပ်ကို အန်ဘရော်စီယားက လုပ်ခဲ့ပါတယ်”လို့ ရော်နယ်ဒိုက ၀န်ခံပါတယ်။ ဒါပေမယ့် ဘာလုပ်ခဲ့သလဲဆိုတာကိုတော့ လျို့ဝှက်ချက်ဖြစ်လို့ မပြောဘဲထားမှာ ဖြစ်ပြီး မကြာခင်မှာ ပြောမယ်လို့ သူကပြောပါတယ်။ အန်ဘရော်စီယားကလည်း ရော်နယ်ဒိုနဲ့ တကယ်ကို ထူးမြတ်တဲ့ အချိန်ကို ပိုင်ဆိုင်ခဲ့ရသလို ရော်နယ်ဒိုက တကယ့်ကို ထူးဆန်းကောင်းမွန်တဲ့ သူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ တကယ့်ကို လျို့ဝှက်စီမံကိန်းတခု ဖြစ်သလို မကြာခင်မှာ ထုတ်ပြောသွားမယ်လို့ သူက ပြောပါတယ်။ သူတို့ ၂ ဦး ဘာတွေ လုပ်နေသလဲဆိုတာကတော့ ရော်နယ်ဒိုပရိသတ်တွေအတွက် ပဟေဋ္ဌိဖြစ်နေဦးမှာပါ။ ဘာတွေလုပ်ထားသလဲဆိုတာကို သိရဖို့တော့ ရှေ့ဆက် နားစွင့် စောင့်ကြည်မှ ဖြစ်မှာပါ။

A d v e r t i s e m e n t With Us

More News
Up