အင်ဒိုနီးရှား မြန်နှုန်းမြင့် ရထားစီမံကိန်းအတွက် တရုတ်နှင့် သဘောတူ

931
အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး မြန်နှုန်းမြင့်ရထားစီမံကိန်းအတွက် တရုတ်ရထားကုမ္ပဏီအာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့ အောက်တိုဘာ ၁၆ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးကြပါတယ်။
အင်ဒိုနီးရှားအစိုးရပိုင် ပီလာ စီနာဂီ Pilar Sinergi ရထားကုမ္ပဏီနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ မီးရထားကုမ္ပဏီတို့က ဂျာကတာမြို့တော်မှာ အကျိုးတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။
တရုတ်နိုင်ငံတကာ မီးရထားကုမ္ပဏီရဲ့ ဥက္ကဋ္ဌက “အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး အဆင့်မြင့် အမြန်ရထားစီမံကိန်းကို တရုတ်နိုင်ငံက တာဝန်ယူတည်ဆောက်ပါမယ်။ ဒါဟာ တရုတ်-အင်ဒိုဆက်ဆံရေးအတွက် အခရာကျတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ အင်ဒိုနီးရှားပြည်သူတွေ ခရီးသွားလာမှုအဆင်ပြေချောမွေ့ရေး၊ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ကူညီအားပေးတာလည်း ဖြစ်တယ်” လို့ ပြောဆိုပါတယ်။
ဒီအမေရိကန်ဒေါ်လာ ၅ ဘီလီယံကုန်ကျမယ့် အမြန်ရထားစီမံကိန်းဟာ ဂျာဗားကျွန်းအနောက်ပိုင်းက မြို့တော်ဂျာကာတာနဲ့ အရှေ့ပိုင်းက ဆူရာဘာရာမြို့ကို ဆက်သွယ်ပေးမှာဖြစ်ပြီး ဂျပန်ကုမ္ပဏီနဲ့ယှဉ်ပြီး တရုတ်ကုမ္ပဏီကို ရွေးချယ်ခဲ့တာပါ။
စီမံကိန်းကို လာမယ့် နိုဝင်ဘာ စတင်မှာဖြစ်ပြီး ၂၀၁၈ နှစ်ကုန် ပြီးစီးမယ်လို့ အင်ဒိုနီးရှားရထား ဒုဝန်ကြီးက အခမ်းအနားအပြီး ပြောဆိုပါတယ်။
ပထမကတော့ မြန်နှုန်းမြင့်ရထားစီမံကိန်းအတွက် အစီအစဉ်ဆွဲခဲ့ပေမယ့် နောက်ပိုင်း အလယ်အလတ် အမြန်နှုန်းရထားစီမံကိန်းအဖြစ် ပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။
ဒီအင်ဒိုနီးရှား အမြန်ရထားစီမံကိန်းဟာ တရုတ်သမ္မတ ဇီဂျင်းဖျင်ရဲ့ ပိုးလမ်းမ နှစ်သွယ်စီမံကိန်းရဲ့ အောင်မြင်မှုတရပ်လည်း ဖြစ်ပါတယ်။