ဂျပန်ရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခွင့် ရက်ထပ်တိုး
DVB
·
October 17, 2015
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးခွင့်ကို ရက်တိုးသတ်မှတ်လိုက်တယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာသံရုံးက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ကို ယခင်က အောက်တိုဘာလ ၁၇ ရက် နဲ့ ၁၈ ရက် ဆိုပြီး ၂ ရက် သတ်မှတ်ထားပေမယ့် အခုအခါ အောက်တိုဘာ ၂၃ ရက်အထိ ရက်တိုးသတ်မှတ်လိုက်တာပါ။
ဒါကြောင့် ကြိုတင်ဆန္ဒမဲပေးလိုသူတွေအနေနဲ့ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ မဲရုံဖွင့်လှစ်ထားမှာဖြစ်ပြီး မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ မဲပေးချိန်ကို သတ်မှတ်ထားပါတယ်။