A d v e r t i s e m e n t With Us

အသင်းအမှတ်အသား ဒီဇိုင်း ပရိသတ်များနှင့် မန်စီးတီး ဆွေးနွေးမည်

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီးအသင်းက ပရိသတ်တွေနဲ့ ကလပ်အသင်း အမှတ်အသားဒီဇိုင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်နောက်ပိုင်းမှာ စီးတီးအသင်း အမှတ်အသား ၃ ခု ရှိပြီး လက်ရှိအသုံးပြုနေတဲ့ အမှတ်အသားဟာ ၁၉၉၇ ခုနှစ်ကတည်းက အသုံးပြုနေသလို ဒီဇိုင်းပုံစံကို အသင်းပရိသတ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အမှုဆောင်အရာရှိ ဖာရန် ဆိုရီယာနိုကတော့ အမှတ်အသားက အသင်းရဲ့ အမွေအနှစ် အတွက် အဓိကကျသလို ကလပ်အတွက် စစ်မှတ်တဲ့ အမှတ်အသားအဖြစ် စဉ်းစားထားတဲ့ ပရိသတ်တွေရဲ့ အမြင်ကို မျှဝေဖို့  မျှော်လင့်နေတယ်လို့ ပြောပါတယ်။ အသင်းတံဆိပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကလပ်အသင်း ပရိသတ်တွေက ၄ ပတ် အချိန်ရရှိမှာလည်း ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ခုနှစ် အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပရိသတ် ၂ သောင်းကျော်က အွန်လိုင်းကနေတဆင့် အသနားခံစာ လက်မှတ်ရေးထိုးခဲ့တဲ့ အတွက် အဲဗာတန်အသင်းက ပြန်တောင်းပန်ခဲ့ရဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up