Home
မြန်မာသတင်း
ကြိုတင်မဲပေးရန် ညအိပ်တန်းစီ စောင့်ဆိုင်းခဲ့ကြသည့် စင်ကာပူရောက် မြန်မာများ
DVB
·
October 17, 2015
12170248_1196749580339058_55575290_n
12170227_1196749510339065_564104280_n
12167826_1196760287004654_1150265685_n
12167728_1196749493672400_256777257_n
12166835_1196749477005735_533414830_n
12166389_1196749520339064_1380648213_n
12166273_1196760057004677_992327773_n
12092562_1196749533672396_1516215368_n
12064240_1196749553672394_2090415703_n
ပြည်ပကနေ ကြိုတင်မဲပေးဖို့ သတ်မှတ်ထားတဲ့ရက် မလုံလောက်တာကြောင့် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေဟာ ညအိပ်တန်းစီပြီး စောင့်ဆိုင်းခဲ့ကြရတယ်လို့ ပြောပါတယ်။ ''ကျနော် ည ၃ နာရီခွဲကတည်းက သံရုံးမှာမဲပေးဖို့ တန်းစီနေတာတောင် သံရုံးနဲ့မီတာ ၇၀၀ လောက်ဝေးတဲ့ နေရာမှာ စီနေရတယ်။ ထိပ်ဆုံးက တစ်ယောက်ဆို ည ၈ နာရီခွဲကတည်းက လာစောင့်နေတာပါ'' လို့ စင်ကာပူရောက် ကိုအောင်ပိုင်စိုးက ပြောပါတယ်။ စင်ကာပူနိုင်ငံမှာ မဲပေးခွင့်ရရှိသူ ၂၀၀၀၀ ကျော် ရှိပေမယ့် မဲပေးခွင့် သတ်မှတ်ထားတဲ့ ၄ ရက်ဟာ မဲဆန္ဒရှင်တွေအားလုံး မဲပေးနိုင်ဖို့ အချိန်မလုံလောက်ဘူးလို့ ပြောပါတယ်။ လက်ရှိ စင်ကာပူအစိုးရနဲ့ မြန်မာသံရုံးတို့ကြား မဲပေးခွင့် ၃ ရက် ထပ်တိုးပေးဖို့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။ ''ဒီမဲပေးခွင့်ရဖို့ ကျနော်တို့မှာ တော်တော်လေးကို ကြိုးစားထားရတာခင်ဗျ။ မဲစာရင်းတွေ စစ်ရ၊ မဲစာရင်းပါအောင်လုပ်ရနဲ့ ဒီလောက် လုပ်ထားပြီးမှ မဲမပေးလိုက်ရမှာစိုးလို့ အားလုံးက ဒီလို ညအိပ်တန်းစီပြီးကို စောင့်နေကြတာပါ။ ကျနော်ဆို ရုံးကို ဆေးခွင့်တင်ပြီး မဲလာပေးတာပါ” လိုY ကိုအောင်ပိုင်စိုးက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာတွေရဲ့ ကြိုတင်မဲပေးမှုတွေကို အောက်တိုဘာ ၁၅ ရက်နေ့က စတင်ခဲ့ပြီး စာရင်းပေးသွင်းထားသူ ၂ သောင်းကျော်လောက် ရှိကာ ကြိုတင်မဲပေးတဲ့ ပထမနေ့ အောက်တိုဘာ ၁၅ ရက်မှာ ၁၈၇၇ ယောက်၊ ဒုတိယနေ့ အောက်တိုဘာ ၁၆ ရက်မှာ ၃၁၅၀ ယောက် ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - အောင်ပိုင်စိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024