A d v e r t i s e m e n t With Us

စကော့တလန် လေယာဉ်ဗုံးခွဲသူ ၂ ဦး ဖမ်းဆီးမှု ကြေညာ (ရုပ်သံ)

၁၉၈၈ ခုနှစ်က စကော့တလန်၊ လောကာဘီမြို့ပေါ်မှာ Pam American လေကြောင်းလိုင်း လေယာဉ် ဗုံးဖောက်ခွဲခဲ့မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ လစ်ဗျားနိုင်ငံသား၂ ဦးကို ဖမ်းဆီးထားမှုကို ကြေညာခဲ့အပြီး ခရီးသည်တွေရဲ ကျန်ရစ်သူ မိသားစုဝင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဖမ်းဆီးထားတဲ့ အဲ့ဒီလစ်ဗျားနိုင်ငံသား ၂ ဦးကို စစ်ဆေးမေးမြန်းနိုင်ရေး လွှဲပြောင်းပေးအပ်ဖို့ အမေရိကန်နဲ့ စကော့တလန်အစိုးရရှေ့နေတွေက တောင်းဆိုထားကြပါတယ်။ Pam American လေကြောင်းလိုင်းလေယာဉ်ကို ဗုံးခွဲမှုနဲ့ တဦးတည်း ရုံးတင် တသက်တကျွန်းချခံရသူကတော့ ၂၀၁၂ ခုနှစ်က လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့မှာ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီလေယာဉ်ဖောက်ခွဲခံရမှုမှာ သေဆုံးသူအားလုံး ၂၇၀ ယောက်ရှိခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း သမီးဖြစ်သူ သေဆုံးခဲ့တဲ့ ဂျင် စ၀ိုင်ယာက အခုလို ပတ်သက်သူတွေကို ဖမ်းဆီးမှုအပေါ် အားရကျေနပ်တယ်လို့ ပြောပါတယ်။ “ဒီလူနှစ်ဦးကို ရုံးတင်ရင် အရင်တယောက် ရုံးတင်ခဲ့တုန်းကထက် အထောက်အထားခိုင်လုံလုံ ပြသဖို့လိုအပ်မယ်။ ဗုံးဖောက်ခွဲမှုမှာ အခုထက်မက လူတွေ ပါဝင်ပတ်သက်နိုင်ပြီး လစ်ဗျားအစိုးရကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိမရှိ သိချင်တယ်။ အမြဲတမ်းလည်း မေးခွန်းထုတ်နေခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။ သေဆုံးသူတွေရဲ့ ကျန်ရစ်သူများအဖွဲ့ဥက္ကဋ္ဌကတော့ လေယာဉ်ဖောက်ခွဲခံရမှုနဲ့ ပတ်သက်ပြီး နောက်ထပ်ဖမ်းဆီးထောင်ချမှုတွေ မရှိနိုင်လောက်ဘူးလို့ ထင်မြင်ကြောင်း ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up