၁ နာရီ ၁၀၁ မိုင်နှုန်းထိသာ မောင်းခဲ့ဟု ယာယာတိုရေး ပြော

Yaya Toure speaks during a news conference at the Etihad Stadium in Manchester, northern England February 17, 2014. REUTERS/Nigel Roddis/Files
အမြန်လမ်းမကြီးပေါ်မှာ ၁ နာရီကို ၁၀၁ မိုင်နှုန်းအထိသာ မောင်းခဲ့တယ်လို့ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာစီးတီး ကစားသမား ယာယာတိုးရေးက ပြောဆိုလိုက်ပါတယ်။ မေ ၂၀ ရက် စတန်းဖိုဒ့်ရှိင်းယားမှာ သူရဲ့ ပေါ်ရှေးကားနဲ့ အရှိန်ပိုမောင်းနှင်ခဲ့တယ်လို့ အလယ်တန်းလူ တိုရေးကို စွပ်စွဲထားတာ ဖြစ်ပါတယ်။ တရားလိုတွေက ၁ နာရီ ၁၂၃ မိုင်နှုန်းမောင်နှင်ခဲ့တယ်လို့ ကန်နောက် တရားရုံးမှာ စွပ်စွဲထားပေမယ့် တိုရေးက ငြင်းဆိုထားပါတယ်။ ဒီဇင်ဘာ ၃ ရက်မှာ ဒီအမှုကို ဘာတွန် တရားရုံးမှာ တိုရေးက ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တိုရေးအနေနဲ့ တရားရုံးကို တက်ရောက်ကြားနာစရာမလိုဘဲ သူရဲ့ ရှေ့နေကနေတဆင့် လျှောက်လဲရမှာ ဖြစ်ပေမယ့် သက်သေကိုတော့ တရားရုံးကို တင်ပြပေးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up