A d v e r t i s e m e n t With Us

နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ကြေညာ

An employee counts U.S. dollar banknotes at a branch of the Industrial and Commercial Bank of China in Huaibei, Anhui province May 25, 2010. REUTERS/Stringer
အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို ထုတ်ပေးထားတဲ့ နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်တွေကို အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ရုပ်သိမ်းတဲ့အကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာနက အောက်တိုဘာ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ ပြည်တွင်းမှာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်ခတွေကို နိုင်ငံခြားငွေနဲ့ ရယူ ပေးချေတာတွေကြောင့် ဒေါ်လာလိုအပ်ချက် မြင့်လာတာ၊ ပြည်တွင်းသုံးကျပ်ငွေရဲ့ အခန်းကဏ္ဍ လျော့လာတာတွေဟာ နိုင်ငံတော်ရဲ့ ငွေရေးကြေးရေး ကဏ္ဍကိုပါ မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် နိုင်ငံတွင်းမှာ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်ခတွေကို ကျပ်ငွေနဲ့ပဲ ဆောင်ရွက်သွားရတော့မှာဖြစ်ပါတယ်။ ငွေသားကိုင်တွယ်မှု လျော့ကျစေဖို့အတွက်ကတော့ ပြည်တွင်းသုံး Debit Card, Credit Card, International Payment Card နဲ့ Online Payment System တွေကို ပိုမိုသုံးစွဲဖို့အတွက်လည်း ဗဟိုဘဏ် ကြေညာချက်က ဆိုပါတယ်။ အဲဒီအတွက် နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်ရထားတဲ့ ဟိုတယ်နဲ့ ခရီးလှည့်လည်ရေးလုပ်ငန်း၊ အကောက်ခွန်လွတ်ဆိုင်၊ လေကြောင်းလိုင်း၊ ဆက်သွယ်ရေးလုပ်ငန်း စတာတွေဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ လိုင်စင်ကို ပြန်အပ်ကြဖို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up