ပြစ်ဒဏ်ချမှတ်ခံရမှု အယူခံဝင်မည်ဟု မော်ရင်ဟိုပြော

Chelsea manager Jose Mourinho during the press conference
Action Images via Reuters / Tony O'Brien
Livepic
599
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေ ပေါင် ၅၀၀၀၀ ပေးဆောင်ဖို့ ချမှတ်လိုက်တာကို အယူခံဝင်မယ်လို့ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။
အခုလို ဒဏ်တပ်တဲ့အပေါ် အစပိုင်းမှာတော့ ရှက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ချဲလ်ဆီး နည်းပြက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့တပတ်က ဆောက်သင်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ တာဝန်ရှိသူတွေက ချဲလ်ဆီးအသင်းကို ပင်နယ်တီပေးဖို့ ကြောက်ရွံ့တယ်ဆိုပြီး ဒိုင်တွေကို ဝေဖန်ခဲ့လို့ ဒဏ်ငွေပေးဆောင်ဖို့ ချမှတ်ထားတာ ဖြစ်ပါတယ်။
အက်ဖ်အေက အောက်တိုဘာ ၁၄ ရက်က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်တွေထဲမှာ မော်ရင်ဟိုက ချဲလ်ဆီးအသင်းကို ကြီးကြပ်ခွင့်တပွဲ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် ပေါ်တူဂီ နည်းပြဟာ အရင်နှစ်ကလည်း ဒိုင်တွေကို လွှမ်းမိုးအောင် စည်းရုံးလှုပ်ရှားမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် စွဲချက်တင်ခံရပါတယ်။