ဂျပန်ရောက် မြန်မာများ ကြိုတင်ဆန္ဒမဲပေး (ဓာတ်ပုံ)
DVB
·
October 17, 2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ဒီနေ့ ကြိုတင်ဆန္ဒမဲ ပေးနေကြပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ကြိုတင်မဲဆန္ဒပေးဖို့ မဲရုံတွေ ဖွင့်လှစ်ထားမယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
ဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၁၂၀၀၀ ကျော်ရှိပြီး တိုကျိုမြို့က မြန်မာသံရုံးရဲ့ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတဲ့ မဲစာရင်းအရ ရန်ကုန်တိုင်း မြို့နယ် ၆ ခု မပါသေးဘဲ တိုကျိုသံရုံးမှာ မဲပေးနိုင်သူဦးရေ စာရင်း ၁၀၀၀ ကျော် ရှိနေပါတယ်။
ဓာတ်ပုံ - ဇော်ဇော်လှိုင်