ဘွန်ဒစ်လီဂါပြိုင်ပွဲ မိန့်ဇ် ၀- ၂ ဒေါ့မွန် (ရုပ်သံဟိုက်လိုက်)

1.2K
အောက်တိုဘာ ၁၆ ရက်က ကစားသွားတဲ့ ဂျာမနီဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ ဘရော့ရှား ဒေါ့မွန်အသင်းက မိန့်ဇ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဒေါ့မွန်အတွက် ဂိုးတွေကိုတော့ ပထမပိုင်း ပွဲချိန် ၁၈ မိနစ်မှာ မာကိုးရုစ်နဲ့ ဒုတိယပိုင်း ၈၂ မိနစ်တွေမှာ ဟန်းနရစ် ဟစ်တာရန်တို့က သွင်းယူသွားတာ ဖြစ်ပါတယ်။
ဒေါ့မွန် အသင်း ပင်နယ်တီကန်သွင်းခွင့်ရပေမယ့် မာရိုးရုစ်က ဂိုးအဖြစ် မဖန်တီးနိုင်တဲ့ အတွက် ၂ ဂိုးနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ကြောင့်ဒေါ့မွန်အသင်းဟာ ၃ ပွဲဆက်တိုက် အနိုင်မရတဲ့အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပြီး ဒုတိယနေရာကနေ ပထမနေရာက ဘိုင်ယန်မြူးနစ်နဲ့ ၄ မှတ်အကွာ ရပ်တည်နေပါတယ်။