A d v e r t i s e m e n t With Us

ဂြိုဟ်ရံလပေါ် အာကသယာဉ် ဖြတ်သန်းရိုက်ကူး ဓာတ်ပုံများ ဖြန့်ချိ (ရုပ်သံ)

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) က လွှတ်တင်တဲ့ ကက်စီးနီ အာကာသယာဉ်ကနေ ရိုက်ကူးထားတဲ့ စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ အန်းစေလာဒပ်စ်ရဲ့ ဓာတ်ပုံတွေကို အောက်တိုဘာ ၁၅ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။ ဒီပုံတွေကို အောက်တိုဘာ ၁၄ ရက်နေ့ ပျံသန်းမှုအတွင်း ရိုက်ကူးခဲ့တာပါ။ အာကာသယာဉ်ဟာ ဂြိုဟ်ရံလရဲ့ မြောက်ဝင်ရိုးစွန်းက သမုဒ္ဒရာအပေါ် ၁၁၄၂ မိုင် အကွာကနေ ဖြတ်ပြီး ပျံသန်းခဲ့တာပါ။ ဂြိုဟ်ရံလရဲ့ မြောက်ပိုင်းဒေသဟာ ပင့်ကူကွန်ရက်လို ပါးလွှာတဲ့ အက်ကြောင်းတွေနဲ့ ယှက်သွယ်နေတယ်လို့ နယူးယောက်မြို့ ကောနဲလ်တက္ကသိုလ် ကက်စီးနီ အာကာသယာဉ်ရဲ့ ပုံဖော်ရေးအဖွဲ့ဝင် ပေါလ် ဟဲဖန်စတိန်းက ပြောတယ်လို့ နာဆာက ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြပါတယ်။ အာကာသယာဉ် ကက်စီးနီဟာ ဂြိုဟ်ရံလအပေါ် အောက်တိုဘာ ၂၈ ရက်နေ့မှာ ထပ်ပြီး ပျံသန်းဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up