အရေးပေါ် လွတ်မြောက်ရေး အသက်ကယ် ကျောပိုးအိတ် (ရုပ်သံ)

အရေးပေါ်အခြေအနေ ကြုံရမလားဆိုတာ ကြိုတင်မတွက်နိုင်ချိန်မှာ တခုတော့ စီစဉ်ထားနိုင်ပါတယ်။ အဲလိုစီစဉ်ဖို့ SkySaver ကျောပိုးအိတ်က အဆင်သင့်ပါပဲ။ SkySaver ကုမ္ပဏီရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ ယိုအာ့ ပရေ့စ်ကတော့ ဒီလို အသုံးပြုရလွယ်တဲ့ ကျောပိုးအိတ်ဟာ ချက်ချင်း လွတ်မြောက်ရာ လမ်းကြောင်းကို ဘယ်လောက်ထိ အလွယ်တကူ ပံ့ပိုးပေးနိုင်တယ်ဆိုတာကို ခုလို ရှင်းပြပါတယ်။ "ဒါကတော့ လူကြီးမင်းလွယ်ရမယ့် ကျောပိုးအိတ်ပါ။ နံပါတ် ၂ နှိပ်ပြီး နံရံဆီကိုသွားပါ။ စကတည်းက တပ်ဆင်ထားတဲ့ ချိတ်တခု ရှိပါတယ်။ အဲဒီမှာ အိတ်ကို ချိတ်လိုက်ပါ။ နံပါတ် ၃ ကို နှိပ်ပါ။ ပြတင်းတံခါးအပြင်ကို ထွက်လိုက်ပါ။ ကျန်တဲ့အပိုင်းကို SkySaver ကျောပိုးအိတ်က ဆက်လုပ်သွားလိမ့်မယ်။" ဒီအိတ်ကို စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ အရေးပေါ်လွတ်မြောက်ရေး ဗျူဟာအဖြစ် တီထွင်ခဲ့တာပါလို့ ပရေ့စ်က ဆိုပါတယ်။ အမြင့်အသီးအသီးအတွက် ဆန့်ထုတ်နိုင်တဲ့ ကြိုးအတိုင်းအတာ အမျိုးမျိုးရှိပါတယ်။ အရှည်ဆုံးအလျားကတော့ ပြတင်းပေါက်ကနေ မြေပြင်ထိ ပေ ၂၆၀ (၇၉ မီတာ) ဆန့်ထုတ်နိုင်ပါတယ်။ တကယ်တမ်း ကြိုတင်လုပ်ဆောင်ရမှာကတော့ အဆောက်အဦး ပြတင်းပေါက် အတွင်းဘက်မှာ ချိတ်တခု တပ်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။ "ပြတင်းတံခါးအပြင်ကို ထွက်ဖို့ ၁၅ စက္ကန့်ထက် ပိုပြီး မကြာသင့်ပါဘူး။" ဒီကျောပိုးအိတ်ရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၇၅၀ ကနေ ၈၅၀ အတွင်း ကျသင့်မှာဖြစ်ပြီး အမေဇုန် အွန်လိုင်းဈေးဆိုင်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။ အိမ်မွေးတိရစ္ဆာန်နဲ့ ကလေးတွေအတွက် အိတ်တွေကိုလည်း မကြာခင် ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up