ပရီးမီးယားလိဂ် စက်တင်ဘာ အကောင်းဆုံးကစားသမားဆု မန်ယူတိုက်စစ်မှူး ရရှိ

913
မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ စက်တင်ဘာလ အတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် တိုက်စစ်မှူးဟာ မန်ယူအတွက် ပွဲဦးထွက် ကစားပေးတဲ့ လီဗာပူးကို အနိုင်ရတဲ့ ပွဲစဉ်မှာ ပထမဆုံး ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မာရှယ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။
ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟာ ဆယ်ကျော်သက် ကစားသမားတွေထဲမှာ ဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
မန်ယူက သူ့ကို ပေါင် ၃၆ သန်းပေးပြီး ပြင်သစ်ကလပ် မိုနာကိုကနေ ခေါ်ယူထားတာပါ။ မာရှယ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မိုနာကိုအသင်းအတွက် ကစားပေးတဲ့ ၃၁ ပွဲမှာ ၈ ဂိုး သွင်းယူထားပါတယ်။