A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်ကို သံတွဲဒေသခံ ထောင်ချီကြိုဆို

ရခိုင်ပြည်နယ်ကို ၃ ရက်တာ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သံတွဲမြို့ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ရောက်ရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သံတွဲလေဆိပ်မှာ ဒေသခံတွေ ထောင်နဲ့ချီပြီး ကြိုဆိုခဲ့ပါတယ်။ ဒီကနေ့မှာပဲ တောင်ကုတ်မြို့ကို သွားပြီး လူထုနဲ့ တွေ့ဆုံ ဟောပြောမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့မှာ သံတွဲ၊ ၁၈ ရက်နေ့မှာ ဂွမြို့နယ်ကနေပြီး ဧရာဝတီတိုင်းထဲက ရေကြည်၊ ငသိုင်းချောင်းဒေသတွေဆီကို မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိ အခြေနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်လူထုဟောပြောပွဲအတွက် လုံခြုံရေးအရ စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up