A d v e r t i s e m e n t With Us

ကုလ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် ၅ နိုင်ငံ ရွေးချယ်

ဓာတ်ပုံ - ရိုက်တာ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂ နှစ်တာ တာဝန်ထမ်းဆောင်ဖို့ အီဂျစ်၊ ဂျပန်၊ ဆီနီဂေါ၊ ယူကရိန်းနဲ့ ဥရုဂွေးနိုင်ငံတွေဟာ အောက်တိုဘာ ၁၅ ရက်နေ့က ကန့်ကွက်သူမရှိ ရွေးချယ်ခံလိုက်ရပါတယ်။ ဒီအဖွဲ့ဝင် ၅ နိုင်ငံဟာ ၂၀၁၆ ဇန်နဝါရီ ၁ ရက်မှာ စတင် တာဝန်ထမ်းဆောင်ရမှာပါ။ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း အီဂျစ်ကို ထောက်ခံမဲ ၁၇၉ မဲ၊ ဂျပန်ကို ၁၈၄ မဲ၊ ဆီနီဂေါကို ၁၈၇ မဲ၊ ယူကရိန်းကို ၁၇၇ မဲနဲ့ ဥရုဂွေးကို ၁၈၅ မဲ အသီးသီး ပေးအပ် ရွေးချယ်ခဲ့တာပါ။ အလှည့်ကျ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီအတွင်း ဒီ ၅ နိုင်ငံဟာ ချဒ်၊ ချီလီ၊ ဂျော်ဒန်၊ လစ်သူယေးနီးယားနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို အစားထိုး ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up