အီတလီတွင် မိုးကြီး၊ လူ ၅ ဦး သေဆုံး (ရုပ်သံ)

4.6K
အီတလီနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အောက်တိုဘာ ၁၅ ရက်နေ့က မိုးကြီးခဲ့လို့ လူ ၅ ဦး သေဆုံးတယ်လို့ အစီရင်ခံထားပါတယ်။
ကျွန်းဆွယ်အတွင်း သဘာဝပတ်ဝန်းကျင်ကို လျစ်လျူရှုထားခဲ့လို့ ခုလိုဖြစ်တာဆိုတဲ့ အငြင်းပွားမှု အဟောင်းတွေ ပြန်ပေါ်လာခဲ့တာပါ။
အောက်တိုဘာ ၁၄ ရက်နေ့က ရောမမြို့နားက မြစ်ကမ်းပါးကျိုးပေါက်ခဲ့ပြီး လူ ၁ ဦး သူ့ကားထဲမှာတင် သေဆုံးခဲ့တယ်လို့ အီတလီမီဒီယာက အစီရင်ခံပါတယ်။
အီတလီ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဂီယန်လူကာ ဂေါလတ်တီက "တောင်ထူတဲ့နိုင်ငံမှာ အန္တရာယ်တွေ ကြီးစိုးနေတယ်၊ ကျိုးကြောင်းမဆင်ခြင်ဘဲ အရမ်းကာရော ဆောက်လုပ်မှုတွေ ကာလကြာရှည်လုပ်ခဲ့လို့ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ပိုဆိုးစေခဲ့တယ်" လို့ ပြောပါတယ်။
အီတလီဟာ ကာလကြာရှည် လျစ်လျူရှုခံထားခဲ့ရပြီး ကာကွယ်ရေးလုပ်ငန်းတွေ မလုပ်ခဲ့လို့ ဘေးအန္တရာယ် ရှိနေကြောင်း အီတလီရုပ်သံ SkyTG24 ကို သူက ပြောပါတယ်။
မိုးလေဝသ ခန့်မှန်းသူတွေကတော့ နိုင်ငံတောင်ပိုင်းမှာ အောက်တိုဘာ ၁၆ ရက်နေ့ထိ မုန်တိုင်းတွေ ပြင်းပြင်းထန်ထန် တိုက်ခတ်တာ ခံရနိုင်တယ်လို့ တပ်လှန့်ထားပါတယ်။
မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကတော့ သီတင်းပတ်ကုန် ရက်တွေမှာ မုန်တိုင်းဒဏ် ထပ်ခံရမယ်လို့ ဆိုပါတယ်။