ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္ကလာပမြို့နယ်တွင် မဲဆွယ် (ဓာတ်ပုံ)
ကိုမောင်
·
October 16, 2015
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမယ့် ဦးအောင်သိန်းလင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမယ့် မလိခဦးလှချစ်တို့ဟာ အောက်တိုဘာ ၁၆ ရက်နေ့က တောင်ဥက္ကလာမြို့နယ် အတွင်းမှာရှိတဲ့ ၄ ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၆ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၁၅ ရပ်ကွက်တို့မှာ လိုက်လံ မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပါတယ်။
ဓာတ်ပုံ - ကိုမောင်